ရန်ကုန်မြို့ အင်းလျားကန်အတွင်း တွေ့ရှိခဲ့သည့် အလောင်းနှင့် ပတ်သက်ပြီး မသင်္ကာဖွယ်
စစ်ဆေးတွေ့ရှိရသည့် တည်းခိုခန်း မန်နေဂျာနှင့် ၀န်ထမ်းများကို စစ်ဆေးခဲ့ရာမှ လူသတ်ပြီး
အလောင်းဖျောက်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
စိမ်းလန်းစိုပြည်ဥယျာဉ်၊ အင်းလျားကန်အတွင်း၌ ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ခန့်
တွင် အမျိုးသားတစ်ဦး ၀မ်းဗိုက်နှင့် လည်ပင်းတို့၌ ထိုးသွင်း ဒဏ်ရာများ ရရှိသေဆုံးနေသည်ကို
တွေ့ရှိခဲ့သည်။
သေဆုံးသူ အမျိုးသားမှာ ကြည့်မြင်တိုင်မြို့နယ်၊ စိတ်ကူးသစ် တည်းခိုခန်းတွင် တည်းခိုနေထိုင်
သွားခဲ့သူ ကိုကျော်မျိုးထွန်း ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့သည်။
ကြည့်မြင်တိုင်မြို့မရဲစခန်းက ပြစ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းခဲ့ရာ သေဆုံးသူ တည်းခိုစဉ်
မန်နေဂျာ ဦးမောင်မောင်နှင့် စကားများကာ ဓားဖြင့် အထိုးခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ပြီး
ဦးမောင်မောင် ပါ ငါးဦးတို့က အလောင်းဖျောက်ဖျက်ခဲ့ခြင်း ဖြစ်သည်။
















