ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့် ကို ငွေစာရင်းနှင့် ပတ်သက်၍ စတင်စစ်ဆေးသည့်
ဇူလိုင်လ ၃၀ ရက်နေ့ (ပ ဉ္စမမြောက်ရုံးချိန်း)တွင် ကျန်းမာရေးအရ အချုပ်လွတ် ထုချေခွင့်
လျှောက်သော်လည်း ဒက္ခိဏခရိုင်တရားရုံးက ပလပ်လိုက်သည်။
ထိုနေ့က ပြစ်မှုကြီးပုဒ်မ ၄၁/၂၀၁၄၊ ပုဒ်မ ၄၀၉ နှင့် ၄၂/၂၀၁၄၊ ပုဒ်မ ၁၂၄(က) နှစ်ခုအနက်
ပုဒ်မ ၄၀၉ ကို တရားလို ဖြစ်သူ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးဌေးလွင်နှင့် အမှုစစ် ဦးညိုဝင်းတို့ကို စစ်ဆေးခဲ့ပြီး ပုဒ်မ ၁၂၄ (က)ကို တရားလိုဖြစ်သူ
ဒုတိယ ရဲမှူးကြီးခင်ဌေးကို စစ်ဆေးခဲ့သည်။
ဦးဆန်းဆင့်ကို နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ ၂၅ မိနစ် အချိန်အထိ စစ်ဆေးခဲ့ပြီးနောက်
တရားရုံးက ပြန်ထွက်ခွာသည့် အချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို "ကျန်းမာရေးမကောင်းဘူး"
ဟု ဖြေကြားခဲ့သည်။
ဆဋ္ဌမမြောက် ရုံးချိန်းကို ဇူလိုင်လ ၆ ရက်နေ့တွင် ချိန်းဆိုထားသည်။
















