သာကေတမြို့နယ် ၂/မြောက်ရပ်ကွက်၊ သဒ္ဒါရုံလမ်းမနှင့် အနော်မာလမ်းဆုံ၊ အမှတ် ၂၆
အခြေခံပညာ မူလတန်းကျောင်းထောင့်ရှိ ထရန်စဖော်မာကို ရံထားသော သံဇကာဝင်း
အတွင်းတွင် ဦးဇာနည် အသက် ၄၅ နှစ်သည် ဩဂုတ်လ ၅ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင်
ဓာတ်ကြိုးကိုဆုပ်ကိုင်ထားလျက် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါပုဂ္ဂိုလ်သည် သဒ္ဒါရုံလမ်းအနောက်ဘက်ရှိ စည်ပင်ဝင်းအတွင်းတွင် နေထိုင်သူဖြစ်ပြီး၊
ဆိုက်ကားနင်းသည့်အလုပ်ကို လုပ်ကိုင်သူဖြစ်ကြောင်း၊ ၎င်းသည် စိတ်ရောဂါအခံရှိကြောင်း၊
၎င်းနှင့်ပတ် သက်ပြီး မတော်တဆမှုဖြင့် ဆေးရုံသို့အကြိမ်ကြိမ်ပို့ဆောင်ခံခဲ့ရသူဖြစ်ပြီး ၎င်း၏
ဇနီးသည် မီးဖွားပြီး သိပ်မကြာသေးကြောင်း ရပ်ကွက်သူ/ ရပ်ကွက်သားများ၏ ပြောကြားချက်
အရ သိရသည်။
"ကျွန်တော်ဒီမနက်တောင်မှ သူကို လက်ဖက်ရည်တိုက်ပြီး လွှတ်လိုက်သေးတယ်။ အချိန်နည်း
နည်းကြာ တော့ လူတစ်ယောက် ဓာတ်လိုက်နေတယ်လို့လည်းကြားရော ကျွန်တော်လည်း
ကျောင်းရှေ့လာကြည့်တာ သူ ဖြစ်နေတယ်။ မြင်ရတာစိတ်ဆင်းရဲပါတယ်"ဟု ရပ်ကွက်သား
တစ်ဦးက ပြောခဲ့သည်။
ထရန်စဖော်မာကို အမြင့် ၈ ပေ အကျယ် ၁၀ ပတ်လည်ခန့်ဖြင့် ကာရံထားသော သံကွန်ကြိုးများ
ကို ခွကျော်နင်း၍ အထဲတွင် ကြေးဂိတ် တစ်လက်မခွဲခန့်အထိရှိသည့် ဓာတ်ကြိုးကို ဆုပ်ကိုင်ထား
လျက် သေဆုံးခဲ့ကြောင်း၊ ၂/မြောက်ရပ်ကွက်လုံးကို မီးပေးနေသော ထရန်စဖော်မာတစ်လုံးဖြစ်
ကြောင်း သိရသည်။
















