ဘုန်းကြီးကျောင်းဝင်းတွင်း ရန်ဖြစ်ရာမှ သေဆုံး

ဘုန်းကြီးကျောင်းဝင်းတွင်း ရန်ဖြစ်ရာမှ သေဆုံး

ဩဂုတ်လ ၄ ရက်နေ့ ည ၉ နာရီ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းရှိ
ဘုန်းကြီးကျောင်းတစ်ကျောင်း ကျောင်းဝင်း သမံတလင်းပေါ်တွင် ဘုန်းကြီးကျောင်းသား
အသက် ၂၇ ခုနှစ်အရွယ် ခင်ဌေးမှာ ထိခိုက်ဒဏ်ရာများ ရရှိရှိပြီး လဲကျနေသည်ကို
တွေ့ရှိရသည်။

စုံစမ်းချက်အရ ဘုန်းကြီးကျောင်းသို့ အရက်မူးပြီး မကြာခဏလာရောက် အိပ်တတ်သည့်
အသက် ၂၃ နှစ်အရွယ် ငဖြိုးနှင့် စကားများစဉ် ငဖြိုးက အနီးရှိ ဖန်ဘုရား ပန်းအိုးဖြင့်ရိုက်ခဲ့သဖြင့်
ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဆေးရုံသို့တင်ပို့ကုသစဉ် သေဆုံးသွားသည်။