ယာဉ်တိုက်ပြီး တိမ်းရှောင်လျှင် လိုင်စင် ရာသက်ပန် သိမ်းမည်

ယာဉ်တိုက်ပြီး တိမ်းရှောင်လျှင် လိုင်စင် ရာသက်ပန် သိမ်းမည်

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်မောင်းများကို ယာဉ်မောင်းလိုင်စင်
ရာသက်ပန်ပိတ်သိမ်းမည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး (ရန်ကုန်) ဒုတိယရဲမှူးကြီးလင်းထွဋ်က
ဇူလိုင် ၂၅ ရက်နေ့က ပြောကြားသည်။

ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၄ ရက်နေ့ အထိ ယာဉ်တိုက်မှု ၁၄၀ ဖြစ်ပွားခဲ့ပြီး ထွက်ပြေး
ယာဉ်မောင်း ၄၈ ဦးခန့်ရှိသည်။

ဇွန်လအတွင်းက ယာဉ်တိုက်မှု ၁၉၀ ဖြစ်ပွားခဲ့ပြီး ထွက်ပြေးသည့် ယာဉ်မောင်း ရ၀ ခန့် ရှိခဲ့သည်။