ကျပ်သိန်း ၆၀ ကျော်ကို အိမ်ပေါ်တက် လုယက်
ရွှေပြည်သာမြို့နယ်နေ ဦးလှထွန်းသည် ဩဂုတ်လ ၉ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်တွင်
ဇနီးဖြစ်သူနှင့်အတူ အိပ်နေစဉ် အမည်မသိ လူသုံးဦး ရောက်လာပြီး ခြင်ထောင်ကို ဆွဲလှန်ကာ
အသင့်ပါလာသည့် တိတ်အဝါဖြင့် ပါးစပ်ကို ပိတ်ခဲ့ပြီး သံသေတ္တာအတွင်းမှ ကျပ် ၃,၄၉၀,၀၀၀၊
၀တ်ဆင်ထားသည့် ကျပ်နှစ်သိန်းတန် စိန်လက်စွပ် တစ်ကွင်း၊ ကျပ် ၁၅ သိန်းတန် ရွှေဆွဲပြားပါ
ဆွဲကြိုးတစ်ကုံး၊ ကျပ်ငါး သိန်းတန် ဆင်းကတ်ပါ လက်ကိုင်ဖုန်း တစ်လုံး၊ ကျပ် ခုနစ်သိန်းတန်
ဆင်းကတ်ပါ လက်ကိုင်ဖုန်း တစ်လုံး၊ စုစုပေါင်း ကျပ် ၆,၄၂၀,၀၀၀ တို့ကို ယူဆောင်သွားခဲ့ပြီး
၎င်းနှင့် ဇနီး ဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
ရွှေပြည်သာမြို့မရဲစခန်းက ပြစ်မှု ပုဒ်မ ၃၉၄/၁၁၄ အရ စုံစမ်းနေသည်။
















