နေအိမ်တွင်းမှ ကျပ်သိန်း ရ၀၀ ဖိုးခန့် ခိုးယူခံရ
လှိုင်မြို့နယ်နေ ဒေါ်သီတာအေးသည် ခင်ပွန်းဖြစ်သူနှင့်အတူ ဩဂုတ်လ ၁၈ ရက် နေ့ နံနက်
၂ နာရီခန့်တွင် အင်းစိန်ဘက် သို့အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့သည်။
နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် သမီးဖြစ်သူက ဆက်သွယ်ကာ အိပ်ရာမှနိုးစဉ် အခန်းတံခါးများ
ပွင့်ကာ ပစ္စည်းများပြန့်ကျဲ နေသည်ကို တွေ့ရကြောင်းပြောပြ သိရဖြင့် သွားရောက်စစ်ဆေးခဲ့သည်။
အိပ်ခန်းအတွင်း စိန်အပါအဝင် ရတနာပစ္စည်းများ နှင့် လက်ကိုင်ဖုန်း နှစ်လုံး စုစုပေါင်းတန်ဖိုး
ကျပ် ရ၆,၇၇၀,၀၀၀ ဖိုးခန့် ခိုးယူခံရသဖြင့် လှိုင်မြို့မရဲစခန်းက အမှုဖွင့်စုံစမ်းလျက်ရှိသည်။
















