ခါးပိုက်နှိုက် ဖမ်းဆီး

ခါးပိုက်နှိုက် ဖမ်းဆီး

ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က သမိုင်းလမ်းဆုံဘက်သို့ မောင်းနှင်လာသည့်
အမှတ် ၈၁ ဒိုင်နာယာဉ်သည် မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်
မီးပွိုင့်အရောက် ပစ္စည်းများနှိုက်ယူကာ ယာဉ်ပေါ်က ဆင်းပြေးသွားသူ လှိုင်သာယာမြို့နယ်
(၅) ရပ်ကွက်နေ ဇေယျာမျိုးကို လှည့်ကင်းဆောင်ရွက်နေသည့် ဘုရင့်နောင်ရဲစခန်း တပ်ဖွဲ့ဝင်များ
က စစ်ဆေးခဲ့သည်။

၎င်း ၀တ်ဆင်ထားသည့် အကျႌအိတ်ကပ်အတွင်းမှ ရွှေဆွဲကြိုး တစ်ကုံး၊ လည်ပတ်ကြိုး တစ်ခု၊
ရွှေလက်စွပ် တစ်ကွင်း၊ ကျပ် ရ,၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံး တို့ကိုတွေ့ရသဖြင့် မေးမြန်းခဲ့ရာ
၎င်းပြေးဆင်းလာသည့် ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးထံမှ နှိုက်ယူခဲ့ကြောင်း သိရသဖြင့်
ဘုရင့်နောင် ရဲစခန်းက အမှုဖွင့်အရေးယူထားသည်။