အမဲသတ်ရုံ၌ ဓားထိုးမှုဖြစ်ပွား
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရွာသာကြီးရပ်ကွက် အမဲသတ်ရုံအတွင်းရှိ လက်ဖက်ရည်ဆိုင်တွင်
ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၀) ရပ်ကွက်နေ
အသက် ၁၇ နှစ်အရွယ် မောင်စိုးမိုးသည် သူငယ်ချင်းဖြစ် သူအသက် ၁၇ နှစ်အရွယ်
ကျော်စွာအောင်ခန့်နှင့် အချင်းချင်း စကားများ ရန်ဖြစ်ရာမှာ အမဲသားလှီးဖြတ်ရာတွင်
အသုံးပြုသည့် အရိုးအသွား ၁၀ လက်မခန့်ဓားဦးချွန်ဖြင့် အထိုးခံရသဖြင့် ဒဏ်ရာများ
ရရှိသေဆုံးခဲ့သောကြောင့် ဒဂုံအရှေ့ပိုင်း မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။
















