မလေးရှားနိုင်ငံ ဘူကစ်မာတာဂျမ်မြို့ရှိ ကမ်ပုန်ဘာရူဟိုတယ်နောက်ဖေးလမ်းကြားတွင်
မြန်မာနိုင်ငံသားတစ်ဦး ဩဂုတ်လ ၂၄ရက်နေ့ညက သေဆုံးခဲ့ကြောင်း မလေးရဲများကို
ကိုးကား၍ TheSunday သတင်းဌာနက ဖော်ပြသည်။
သေဆုံးခဲ့သော မြန်မာနိုင်ငံသားမှာ အသက်၂၈နှစ်ခန့်ရှိကြောင်းနှင့် ၎င်းသည် မလေးရှားနိုင်ငံ
တွင်းရှိ နိုင်ငံရပ်ခြားမှ လာရောက်အလုပ်လုပ်ကိုင်နေသူ အလုပ်သမားများအကြား ဩဂုတ်လ
၂၄ရက်နေ့၊ ည ၁၀နာရီခန့်အချိန်တွင် ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှုအတွင်း အလုပ်သမား
များနေထိုင်ရာ အဆောင်၏ တတိယထပ်မှ အတွန်းချခံခဲ့ရ၍ သေဆုံးခဲ့ဖွယ်ရှိကြောင်း မလေးရှား
ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
"သေဆုံးသူဟာ သုံးလွှာအမြင့်ကနေ တွန်းချခံခဲ့ရတယ်လို့ ယူဆရပါတယ်" ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦး
ကပြောသည်။ ယင်းသို့ အမြင့်မှကျသည့်အတွက် ဦးခေါင်းပေါက်ပြဲပြီး ခန္ဓာကိုယ်နေရာအနှံ့ ပွန်း
ပဲ့ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယခုအခါတွင် အဆိုပါရန်ပွဲအတွင်း ပါ၀င်ခဲ့ဖွယ်ရှိသည့် မင်္သကာသူများကို ရဲတပ်ဖွဲ့က စတင်ထိန်း
သိမ်းစစ်ဆေးနေပြီဖြစ်ပြီး ယင်းတို့တွင် အသက်၂၀မှ ၃၀အတွင်းရှိ နီပေါလ်နိုင်ငံသားနှစ်ဦးနှင့်
မြန်မာနိုင်ငံသားတစ်ဦးတို့ ပါ၀င်သည်။
















