ဆိုင်ကယ်နှင့် ယာဉ်တိုက်မှု နှစ်ဦးသေဆုံး
မင်္ဂလာဒုံမြို့နယ် ပြည်လမ်းအတိုင်း ထောက်ကြန့်ဘက်မှ ခရေပင်လမ်းဘက်သို့ ဩဂုတ်လ
၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မှော်ဘီမြို့နယ်နေ ရဲကျော်သူ မောင်းနှင်လာသည့်
ကမ်ဘိုဆိုင်ကယ်သည် အမှတ် ၃၂၃ ထောက်ပ့ံရေးနှင့် ပို့ဆောင်ရေးတပ်ရင်းရှေ့အရောက်
အရှိန်လွန်ကာ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိပြီး ကိုလွင်လွင်မိုး မောင်းနှင်သည့်
လိုက်ထရပ်ယာဉ်ဖြင့်ဝင်ရောက်တိုက်မိခဲ့သည်။
ဆိုင်ကယ်နောက်၌ စီးနင်းလိုက်ပါလာသည့် ကိုယ်ဝန်လေးလလွယ်ထားရသည့် ဇနီးဖြစ်သူ
မဇင်မာဦး (၂၇ နှစ်) နှင့် နှစ်နှစ်အရွယ် သမီးဖြစ်သူတို့မှာ ဒဏ်ရာများရရှိကာ နေရာတွင်
သေဆုံးခဲ့သည်။
















