တရားမဝင် နွားများအား စက်လှေပေါ်၌ ဖမ်းမိ
ဧရာဝတီ ရေတပ်စခန်းဌာနချုပ်၏ ကွပ်ကဲမှုအောက်ရှိ ကမ်းခြေစောင့်ရေယာဉ်သည် ဩဂုတ်လ
၂၃ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်က မြန်မာ့ပင်လယ်ပြင်၌ တာဝန်ဆောင်ရွက်နေစဉ် မသင်္ကာဖွယ်
လှေတစ်စီးအား လိုက်လံဖမ်းဆီးခဲ့ရာ ရန်ကုန်မြို့၏ တောင်ဘက် ၃၅ မိုင်ခန့်အကွာ၌
ဖမ်းဆီးရမိခဲ့သည်။
လှေပေါ်တွင် နွားအကောင် ၅၀ ကို တရားမဝင် တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့်
မွန်ပြည်နယ်၊ မုဒုံမြို့နယ်နေ ပဲ့နင်းဖြစ်သူ ဉာဏ်စိုးနှင့် လှေသား(၁၁)ဦးတို့ကို ဆိပ်ကမ်းမြို့မ
ရဲစခန်းက အမှုဖွင့်ထားသည်။
















