၂၀၁၁ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် မြောက်ဥက္ကလာပမြို့နယ်ရှိ အရက်ဆိုင်တစ်ခုတွင် မျက်နှာ
ဖုံးစွပ်ဖြင့်လူသတ်မှုကျူးလွန်ခဲ့သူများထဲမှ စွဲချက်ပယ်ဖျက်ပေးရန် လျှောက်ထား ခဲ့သူ၁၆ ဦးထဲမှ တရားရှင်လွှတ်မြောက်လာသူရှစ်ဦးအနက်တစ်ဦးအသတ်ခံခဲ့ရပြီး အမှုဖြင့်နှစ်နှစ်ရှစ်လကျော်
တိမ်းရှောင် နေသူ တရားခံပြေးတစ်ဦး ကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
၂၀၁၁ ခုနှစ် နို၀င်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီ ၁၅ အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်
(က)ရပ်ကွက် နွယ်သာဂီ (၆ )လမ်းထိပ်ရှိ အရက်ဆိုင်တွင် နွယ်သာဂီ (၈) လမ်းနေ ကျော်မင်း
(၃၂ နှစ်)ကိုအမည်မသိမျက်နှာဖုံးစွပ်လူများက ဓားများဖြင့်ဝိုင်းဝန်းခုတ်သတ်ခဲ့သဖြင့် လူသတ်မှု
ကိုကြိုတင်ကြံရွယ်ချက်ဖြင့် ပူးပေါင်း ကျူးလွန်ခဲ့သည်ဆိုကာ ဖမ်းဆီးတရားဆွဲ ဆိုခြင်းခံရသူ ၂၃
ဦးအား မြောက်ပိုင်းခရိုင် တရားရုံးက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄ အရ ယမန်နှစ်
စက်တင်ဘာလ ၁၀ ရက်နေ့ကစွဲချက်တင်လိုက်ကြောင်းမိန့်ချမှတ်ခဲ့သည်။ စွဲချက်အမိန့်ချမှတ်
ခံရသူများထဲမှ ၁၆ ဦးက အမိန့်ကိုမကျေနပ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သို့
စွဲချက်အမိန့်ပယ်ဖျက်ပေးရန်ပြင်ဆင်မှု တင်သွင်းခဲ့သည်။ အမှုကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် နှစ်ဖက်အကျိုးဆောင်များက လျှောက်လဲချက်ပေးခဲ့ပြီး တရားလွှတ်တော် က ၁၆
ဦးအနက် ရှစ်ဦးကို ခိုင်လုံမှုမရှိဟုဆိုကာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ အရ တရားရှင်လွတ်ပေးခဲ့သည်။
အဆိုပါလွှတ်မြောက်လာသူ ရှစ်ဦးတွင်ပါ၀င်ခဲ့သည့် လှိုင်မျိုးဝင်း (၃၆ နှစ်)မှာ ယခုနှစ်ဇူလိုင်လ
၃၁ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် လှိုင်သာယာမြို့ နယ် ကုလားကြီးစုကျေးရွာ ရှိ နေအိမ်
တွင် လှိုင်သာယာမြို့နယ်(၁၁)ရပ်ကွက်နေ အေးမင်းလှိုင်(ခ)ငကြွက်(၂၅ နှစ်)ပါ နှစ်ဦးက ဓါးရှည်များကိုယ်စီကိုင် ဆောင်ကာဝိုင်းဝန်းရိုက်နှက်ခုတ်သတ်ခဲ့ကြောင်းရဲမှတ်တမ်းအရသိရသည်။
ထို့အပြင် အမှုဖြစ်ပွားပြီးတိမ်းရှောင်နေသူများအနက် ကျော်ဦးကို နှစ်နှစ်ရှစ်လ အကြာတွင်
သက်ဆိုင်ရာကြည်မြင်တိုင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုတင်ပို့နိုင်ရန်
စီစဉ်ထား ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်(၃)၏ အမိန့်ကို တရားခံ မျှားလေး ပါ ကျန်ရှစ်ဦးကလည်း
စွဲချက်ပယ်ပေးရန်လျှောက်ထားခြင်းပယ်ချခြင်းခံရသဖြင့် မကျေနပ်၍ နေပြည်တော်ပြည်ထောင်စု
တရားလွှတ်တော်ချုပ်သို့ အယူခံ ဆက်လက်ဝင်ရောက်ထားကြောင်း သိရသည်။
















