ရန်ကုန်အနောက်ပိုင်း မူးယစ်တပ်ဖွဲ့စု ၄၂ အဖွဲ့သည်သည် ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီ
၁၅ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်း မဆလာစက် မှတ်တိုင်အနီး၌
မတ်တူးယာဉ်ကို မောင်းနှင်လာသည့် ကြည့်မြင်တိုင်မြို့နယ်နေ မြင့်အောင် (၁၈ နှစ်) နှင့်
တာမွေမြို့နယ်နေ မောင်မောင်အောင်(၃၇ နှစ်)တို့ နှစ်ဦးကို စစ်ဆေးခဲ့သည်။
၎င်းတို့၏ ခန္ဓာကိုယ်နှင့် မော်တော်ယာဉ်အတွင်းမှ ခရီးဆောင်အိတ်အတွင်း၌ R နှင့် WY စာတမ်းပါ
နီညိုရောင် စိတ်ကြွဆေးပြား အပြား ၁၀၀,၀၀၀ ကို မှိုင်းခံစက္ကူဖြင့် ထုပ်ကာ တိတ်ပတ်လျက်
ထုတ်ထားသည့် ပလတ်စတစ်အိတ်ကြီး နှစ်လုံး၊ အဖြူရောင်လိုက်ကာ စဖြင့် ပတ်ထားသည့် R နှင့်
WY စာတမ်းများပါ စိတ်ကြွဆေးပြား ၁၀၀,၀၀၀တို့ကို သိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက် ကုန်းမြင့်ရိပ်သာလမ်းရှိ ခြံဝင်း
တစ်ခုနေ Natural Force Co., Ltd. မှ မန်နေဂျင်းဒါရိုက်တာ ရဲထွန်းကျော်ထံမှ
၀ယ်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ည ၁၀ နာရီ ၂၀ အချိန်ခန့်တွင် မူးယစ် ၄၂ မှအဖွဲ့သည်
မရမ်းကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်အတူ အဆိုပါနေအိမ်ကို စစ်ဆေးခဲ့ရာ ပစ္စတိုသေနတ်
နှစ်လက်၊ ၎င်းကျည် ၁၄ တောင့်၊ ကျည်ခြောက်တောင့်ထည့် စတီးရောင် ကျည်ကပ်နှစ်ကပ်တို့ကို
တွေ့ရှိခဲ့သည်။
ထို့ပြင် ပလတ်စတစ်အကြည်ဖြင့် ပတ်လျက် မှိုင်းခံစက္ကူဖြင့်ထုပ်ထားသည် R နှင့် WY စာတမ်းပါ
နီညိုရောင်စိတ်ကြွဆေးပြား ၈၃,၀၀၀ ပြား၊ အလေးချိန် ၃၅၀ ခန့်ရှိ ဘိန်းဖြူဘလောက်တုံး
တစ်တုံးတို့ကို လည်းကောင်း၊ အခန်းအတွင်း ခရီးဆောင်အိတ်အတွင်းမှ R နှင့် WY စာတမ်းပါ
စိတ်ကြွဆေးပြား စုစုပေါင် ၂,၀၁၀,၀၀၀ ပြား ကာလတန်ဖိုး သိန်း ၁၀,၀၅၀ ခန့်နှင့် ဘိန်းဖြူ
ဂရမ် ၃၅၀ ကျပ်သိန်း ၃၅၀ ခန့်နှင့် လက်ကိုင်ဖုန်း နှစ်လုံး တို့ကို သိမ်းဆည်း ရမိခဲ့သည်။
















