မိန်းမလျာများက အလစ်သုတ်

မိန်းမလျာများက အလစ်သုတ်

ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းနေ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ယခုလ
၁၃ ရက်နေ့ ည ၉ နာရီ ၂၀ အချိန်ခန့်တွင် ၎င်းပိုင် ကယ်ရီနာဗင်ကားမှာ ကမာရွတ်မြို့နယ်
ဘလေဇွန်ကုန်တိုက်အနီး၌ စက်ချို့ယွင်းသဖြင့် ပြုပြင်နေစဉ် အသက် ၂၀ အရွယ် မိန်းမလျာတစ်ဦး
ရောက်လာပြီး ဂျန်းရှင်းစကွဲဘက်သို့ လမ်းကြုံလိုက်လိုကြောင်း ပြောသဖြင့် လိုက်ခွင့်ပြုခဲ့သည်။

ထိုသို့လိုက်ခွင့်ပြုစဉ် နောက်ထပ် မိန်းမလျာလေးဦးတို့ ထပ်မံရောက်ရှိ လိုက်ပါခဲ့ပြီး ဟံသာဝတီ
အဝိုင်းအရောက် ကားမှာ ထပ်မံစက်ချို့ယွင်းသဖြင့် ကားကို ပြုပြင်နေစဉ် ခရီးကြုံလိုက်ပါလာသူ
မိန်းမလျာငါးဦးမှာ ကားပေါ်မှဆင်းသွားပြီး အငှားယာဉ်တစ်စီးဖြင့် ထွက်ခွာသွားခဲ့သည်ဟု
ဆိုသည်။

စစ်ဆေးကြည့်ရာ ၎င်းပိုင် ကျပ် ကိုးသိန်းပါ ပိုက်ဆံအိတ် ပျောက်ဆုံးနေသဖြင့်
ကမာရွတ်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။