ဘုရားအလှူခံပုံးများအား ဖွင့်နေသူကို ဖမ်းမိ
မြောက်ဥက္ကလာပမြို့နယ် မယ်လမုဘုရား၌ ယခုလ ၁၄ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင်
မြောက်ဘက်မုခ် ဆန္ဒာဓိက ဘုရားဆောင်တွင်းရှိ အလှူခံပုံးများကို သော့ ခြောက်ချောင်းဖြင့်
အမျိုးသားတစ်ဦးက ဖွင့်နေသည်ကို ဘုရားလုံခြံုရေးက တွေ့ရှိသဖြင့် ဂေါပကရုံးသို့
ခေါ်ယူမေးမြန်းခဲ့သည်။
၎င်းမှာ မန္တလေးတိုင်း ဒေသကြီးနေ သက်ပိုင်ဦး (၂၉ နှစ်) ဖြစ်ကြောင်း သိရသဖြင့်
မြောက်ဥက္ကလာပမြို့မ ရဲစခန်းသို့ တိုင်ကြားအမှုဖွင့်ထားသည်။
















