သာသနာညှိုးနွမ်းစေမှုဖြင့် ရဲတိုက် ကို ယခုလ ၁၈ ရက် အမိန့်ချမည်

သာသနာညှိုးနွမ်းစေမှုဖြင့် ရဲတိုက် ကို ယခုလ ၁၈ ရက် အမိန့်ချမည်

မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ငါးနှစ် ကျခံနေရသည့် ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်အား
မေလအတွင်းက စိန့်မေရီ ဘုရားကျောင်းဝင်းအတွင်း တစ်ကိုယ်တော် ဆန္ဒပြသမှုကြောင့်
သာသနာညှိုးနွမ်းစေမှု ပြစ်မှုပုဒ်မ ၂၉၅(က)ဖြင့် စွဲဆိုထားမှုအား ဗိုလ်တထောင်မြို့နယ်တရားရုံးက
ယခုလ ၁၈ ရက်နေ့တွင် အမိန့်ချမည်ဖြစ်သည်။

၂၀၁၃ ခုနှစ် မေလအတွင်း ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းပေါ်ရှိ စိန့်မေရီ ခရစ်ယာန်
ဘုရားကျောင်းဝင်းတွင်း ၀င်ရောက်ကာ ဆန္ဒပြသသည်ဆိုပြီး မလျော်ကန်သည့် အပြုအမူများ
ဆောင်ရွက်ခဲ့သဖြင့် အသက် ၃၀ အရွယ် ရဲတိုက်အား ဗိုလ်တထောင် မြို့နယ်ရဲစခန်းက
သာသနာညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

သို့သော် ရဲတိုက်သည် ဇူလိုင်လ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊
ကျောက်တံခါးမြို့ ဒဂုံမင်းလမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် မူးယစ်ဆေးဝါးမှုဖြင့်
အဖမ်းခံရပြီးနောက် ဧပြီလ ရ ရက်နေ့တွင် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံခဲ့ရသည်။

သို့သော် အဆိုပါပြစ်ဒဏ်အား အယူခံဝင်ခဲ့ရာ တစ်နှစ်လျှော့ခံရပြီး ငါးနှစ်သာ ကျခံရမည်ဖြစ်သည်။