၀ယ်သူဟန်ဆောင်ကာ ရွှေဆိုင်မှ လက်စွပ်ခိုးယူ

၀ယ်သူဟန်ဆောင်ကာ ရွှေဆိုင်မှ လက်စွပ်ခိုးယူ

ရန်ကုန်မြို့ အောင်သမာဓိရွှေဆိုင်မှ ကျပ် ၃၃၀,၀၀၀ တန်ဖိုးရှိ လက်စွပ်တစ်ကွင်းကို အမျိုးသမီး
တစ်ဦးက ၀ယ်သူဟန်ဆောင်ကာ ခိုးယူသွားသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်းတွင်
အမှုဖွင့်ထားကြောင်း သိရသည်။

ယခုလ ၂၀ ရက်နေ့ ညနေဆိုင်သိမ်းချိန်တွင် ပစ္စည်းများကို စစ်ဆေးခဲ့ရာ ပျောက်ဆုံးနေသည်ကို
သိရဖြင့် ဆိုင်တွင်းတပ်ဆင်ထားသည့် စီစီတီဗီကင်မရာဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ မွန်းလွဲ ၂ နာရီ
အချိန်ခန့်က အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပျောက်ဆုံးနေသည့် ရွှေလက်စွပ်ကို
ရွှေဝယ်ယူသူ ဟန်ဆောင်ကာ လက်ဖြင့်အုပ်၍ ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။