တရားမဝင် ကျွဲနွားများ ဖမ်းဆီးရမိ

တရားမဝင် ကျွဲနွားများ ဖမ်းဆီးရမိ

ပျဉ်းကတိုးကျေးရွာ အိုးဘိုရွာထိပ် လမ်းဆုံတွင် ကျွဲများ မသင်္ကာဖွယ်တွေ့ရှိကြောင်း သတင်းအရ
ကော့မှူးမြို့နယ် ကျိုက်ထော်ရဲစခန်းမှ အဖွဲ့သည် ယခုလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က
သွားရောက် စစ်ဆေးခဲ့သည်။

အဆိုပါလမ်းဆုံတွင် ကျွဲ ၁၃ ကောင် တန်ဖိုး သိန်း ၃၀ ကို ကော့မှူးမြို့နယ်နေ တင်ဇော်မိုး(၃၄ နှစ်)၊
အေးဇော်(၂၃ နှစ်)၊ ပိုင်သူ(၂၀ နှစ်)၊ နေထက်လင်း(၁၈ နှစ်)၊ အောင်ကျော်(၁၇ နှစ်)နှင့်
မင်းမင်း(စုံစမ်းဆဲ)တို့နှင့်အတူ တွေ့ရပြီး မင်းမင်း မှာ ထွက်ပြေးသွားခဲ့သည်။

ကျိုက်ထော်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားသည်။

အလားတူ ပျဉ်းကတိုးကျေးရွာ ကမ်းနားဆိပ်တွင် မသင်္ကာဖွယ်တွေ့ရှိသည့် စက်လှေ တစ်စီးကို
တွေ့ရှိစစ်ဆေးခဲ့ရာ ကျွဲ ၁၆ ကောင်ကို တွေ့ရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးနေ ပဲ့ကိုင်
ကိုရှိုင်း(၂၈ နှစ်)၊ ထိန်လင်း(၃၀ နှစ်)နှင့် ဖိုးနိုင်(၂၉ နှစ်)တို့ကို ကျိုက်ထော်နယ်မြေရဲစခန်းက
အမှုဖွင့် အရေးယူထားသည်။