လဲကျနေသော နိုင်ငံခြားသားအား ဟိုတယ်ပြန်ပို့

လဲကျနေသော နိုင်ငံခြားသားအား ဟိုတယ်ပြန်ပို့

ကျောက်တံတားမြို့နယ် အနော်ရထာလမ်းနှင့် ၃၃ လမ်းထောင့် ပလက်ဖောင်းတွင် စက်တင်ဘာလ
၂၁ ရက်နေ့ ည ၁၀ နာရီ ၁၅ ခန့်က နိုင်ငံခြားသားတစ်ဦး လဲကျနေကြောင်းသတင်းအရ
သက်ဆိုင်ရာက သွားရောက်ကြည့်ရှုခဲ့သည်။

လဲကျနေသူမှာ ဩစတြေးလျနိုင်ငံသား Stephen Robert ဖြစ်ပြီး ပြင်ပဒဏ်ရာ မရှိဘဲ
သတိလစ်လဲကျနေသဖြင့် ကျောက်တံတားမြို့မရဲစခန်းသို့ ခေါ်ဆောင်လာပြီး
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ၎င်းဘောင်းဘီအိတ်အတွင်းမှ ရှာဖွေခဲ့ရာ ကျပ် ၅၄,၅၀၀၊
အမေရိကန်ဒေါ်လာ ၁,၃၀၀ ဩစတြေးလျဒေါ်လာ ၅၅ ဒေါ်လာ၊ မလေးရှားရင်းဂစ် ၅၈ ရင်းဂစ်၊
မန်မိုရီစတစ် တစ်ခု၊ ခရက်ဒစ်ကတ် ခြောက်ကတ်၊ ယာဉ်မောင်းလိုင်စင် တစ်ကတ်၊
ဟန်းဆက် တစ်လုံးနှင့် ဟိုတယ်လိပ်စာကတ် တစ်ကတ်တို့ကို ထည့်ထားသည့် ပိုက်ဆံအိတ်ကို
တွေ့ရှိခဲ့သည်။

၎င်းကို တည်းခိုရာဟိုတယ်သို့ ပို့ဆောင်ခဲ့သည်။

၎င်း၏ ဇနီးဖြစ်သူ ပြောပြချက်အရ အရက်သေစာ သောက်စားသူ မဟုတ်ကြောင်း၊
အတက်ရောဂါရှိသူ တစ်ဦးဖြစ်ပြီး သက်ဆိုင်ရာက ၎င်းထံမှတွေ့ရှိသည့် ပိုက်ဆံအိတ်ကို ဇနီးထံ
ပြန်လည်ပေးအပ်ခဲ့သည်။