တိမ်းရှောင်သူကို သတင်းပေးရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ကထုတ်ပြန်
ကုန်ပစ္စည်းရောင်းချရငွေကျပ် ၅၈ သိန်းကျော်ယူဆောင်သွားခဲ့သည်ဆိုသူကိုကို ကူညီစုံစမ်းဖော်
ထုတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
MEC ကုမ္ပဏီမှအရောင်းငွေသိမ်းဝန်ထမ်းဖြစ်သူဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့နေ အောင်ဌေးဝင်း
(၂၇ နှစ်)သည် ရန်ကုန်မြို့နယ်အသီးသီးရှိ အရောင်းဆိုင်များသို့ ကုမ္ပဏီက ရောင်းချထားသည့်
ဆပ်ပြာမှုန့်၊သွားတိုက်ဆေး၊ခေါင်းလျှော်ရည် အစရှိသည့် ရောင်းချရငွေ ကျပ် ၅၈၉၀၁၁၈ ကျပ်ကို
ကိုယ်ကျိုးအတွက်အလွဲသုံးစားပြုလုပ်ကာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တွေ့ရှိပါက သာကေတ
မြို့မရဲစခန်းဝ၁၅၄၇၂၅၃၊၀၁၅၅၆၇၄၉ တို့ကိုဆက်သွယ်အကြောင်းကြားရန် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့ ကထုတ်ပြန်သည်။

















