တက်သစ်စ မော်ဒယ်သရုပ်ဆောင် အေးချမ်းမြတ်မိုး အသတ်ခံရမှုကို ရန်ကုန်အနောက်ပိုင်းခရိုင်
တရားရုံး၌ အောက်တိုဘာလ ၂ ရက်နေ့ ရုံးထုတ်မည်ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့ ည ရ နာရီအချိန်ခန့်တွင် အေးချမ်းမြတ်မိုးမှာ ၎င်းနေထိုင်ရာ
ဒဂုံမြို့နယ်ရှိ နေအိမ် လှေကားတွင် ဓားဖြင့် အထိုးခံရသဖြင့် ဆေးရုံသို့ တင်ပို့စဉ်သေဆုံးခဲ့မှုဖြစ်ကာ
ကျူးလွန်သူ ဒဂုံမြို့နယ်နေ အသက် ၂၂ နှစ်အရွယ် အံ့ပိုင်ဖြိုးကို ဒဂုံမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၂
အရ အမှုဖွင့်အရေး ယူခဲ့ခြင်းဖြစ်သည်။
သက်ဆိုင်ရာက အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်စစ်ဆေးခဲ့ရာ ဆေးစာပြန်ကြားချက်အရ
လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ ရရှိကာ သွေးလွန်သေဆုံးခြင်းဖြစ်ကြောင်း ပြန်ကြားခဲ့သည်။
ရဲတပ်ဖွဲ့က ဥပဒေအကြံပြုချက်ရယူကာ အနောက်ပိုင်းခရိုင်တရားရုံးသို့ ပြစ်မှုဆိုင်ရာဥပဒေ
ပုဒ်မ ၃၀၂ အရ တရားစွဲဆို တင်ပို့သွားမည် ဖြစ်သည်။
















