ဟာ့ဂျ်ဘုရားဖူးခရီးစဉ် ငွေလိမ်ခံရ
ဆော်ဒီရှိဟာ့ဂျ်သို့ ခရီသွားဗီဇာပြုလုပ်ပေးရန်အတွက် ပန်းဘဲတန်းမြို့နယ်ရှိ Arrow Lane
Travel Co.,Ltd. မှ မန်းနေးဂျင်း ဒါရိုက်တာထံ ခရီးသွားဝန်ဆောင်မှု စရိတ်(လေယာဉ်
အသွားအပြန် ဒေါ်လာ ၃၀၀ တန်ချက်လက်မှတ်နှင့် ဗီဇာ)အဖြစ် ပေးအပ်ခဲ့ပြီးနောက်ပိုင်း
မန်းနေဂျင်း ဒါရိုက်တာက ကုမ္ပဏီအမှတ်တံဆိပ်ပါ စာရွက်ဖြင့် လက်ခံရရှိကြောင်း လက်မှတ်
ရေးထိုးပေးခဲ့ပြီး ခရီးသွားမည့်သူ ၄၂ ဦး၏ နိုင်ငံကူးလက်မှတ်များကို ရယူသွားခဲ့ပြီးနောက်
ခရီးသွားဗီဇာ ဆောင်ရွက်ပေးခဲ့ခြင်း မရှိဘဲ စုစုပေါင်းကျပ် ၁၀၈,၃၀၀,၀၀၀ ကို ရယူသွားသဖြင့်
အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ပန်းဘဲတန်းမြို့မရဲစခန်းက (ပ)၃၂၂/၁၄ ပြစ်မှုပုဒ်မ ၄၂၀ အရ အမှု ဖွင့်အရေးယူထားကြောင်း
သိရသည်။
















