'ရာဇာမင်း' ယာဉ် တိမ်းမှောက်ပြီး နောက်ပိုင်း မတော်တဆဖြစ်မှု ကျဆင်းလာဟုဆို

'ရာဇာမင်း' ယာဉ် တိမ်းမှောက်ပြီး နောက်ပိုင်း မတော်တဆဖြစ်မှု ကျဆင်းလာဟုဆို

ပြီးခဲ့သည့် မေလအတွင်းက အမြန်လမ်းပေါ်တွင် လူသေဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည့်
'ရာဇာမင်း' ခရီးသည်တင် ယာဉ်မတော်တဆ ဖြစ်ပွားပြီးနောက်ပိုင်း ယာဉ်မတော်တဆမှုများ
ကျဆင်းလာသည်ဟု နေပြည်တော် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု
ကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေက မြန်မာတိုင်း(မ်)ကို ပြောသည်။

"အခု ယာဉ်မတော်တဆမှု အများကြီးကျတယ်၊ ရာဇာမင်းဖြစ်ပြီး နောက်ပိုင်း တော်တော်ကို
၀ိုင်းဝန်းထိန်းသိမ်းတာလည်း ပါတာပေါ့"ဟု ၎င်းက ပြောသည်။

ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာန၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ပါ၀င်သည့်
ပူးပေါင်းစစ်ဆေးရေး အဖွဲ့က အဝေးပြေးယာဉ်များအား ဘောဂသီရိ ယာဉ်ရပ်နားစခန်းက
မထွက်ခွာမီ စံသတ်မှတ် ချက်ရှစ်ချက်ဖြင့် စစ်ဆေးလျက်ရှိသည်။

၂၀၁၃ ခုနှစ်တွင် ယာဉ်မတော်တဆဖြစ်မှု စုစုပေါင်း ၁၃,၉၁၂ မှုဖြစ်ပွားခဲ့ရာ ၂၃,၃၇၈ ဦး
ဒဏ်ရာ ရရှိခဲ့ပြီး ၃,၇၁၂ ဦး သေဆုံးခဲ့သည်။