ဆီဆိုင်၌ ငွေမပေးဘဲ ထွက်ပြေး
အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၄၅ ခန့်တွင် ရတနာဖြိုးစက်သုံးဆီ ဆိုင်တွင်
ကားတစ်စီးမှာ စက်သုံးဆီထည့်ပြီး ပိုက်ဆံမပေးဘဲ မောင်းနှင် ထွက်ပြေးသွားသဖြင့်
ထောက်ကြန့်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားသည်။
အဆိုပါကားမှာ ဟွန်ဒါဖစ် အဖြူရောင် ယာဉ်ဖြစ်ပြီး ဆိုင်မှ အော့တိမ်းစက်သုံးဆီ
၂၉ ဒသမ ရ၈၇ လီတာ ကျပ် ၂၈,၀၀၀ ဖိုးခန့်ကို ယူဆောင်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
















