ရွှေဆိုင်မှ လုယက်မှု ဖမ်းဆီးရမိ

ရွှေဆိုင်မှ လုယက်မှု ဖမ်းဆီးရမိ

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ ခန့်တွင် လသာမြို့နယ် မဟာဗန္ဓုလမ်းရှိ
တိုင်းအုံရွှေဆိုင်သို့ အသက် ၂၀ ခန့်အရွယ် အမျိုးသားတစ်ဦး ရောက်ရှိလာ ပြီး ရွှေဆွဲကြိုး
၀ယ်ယူလိုကြောင်း ပြောဆိုသဖြင့် ပိုင်ရှင် ဒေါ်ခင်စိုးစိုးက တစ်ကုံးလျှင် ကျပ် ၃,၂၅၀,၀၀၀ တန်
အလေးချိန် ငါးမူးသား ရွှေဆွဲကြိုး နှစ်ကုံးကို ထုတ်ပြခဲ့သည်။

အဆိုပါ လူငယ်က ရွှေဆွဲကြိုး နှစ်ကုံးကို ကြည့်ရှုကာ လုယူထွက်ပြေးသွားသဖြင့် ပတ်ဝန်းကျင်သို့
အကူအညီတောင်းခံခဲ့ပြီး လှည့်ကင်းရဲတပ်ဖွဲ့ဝင်များနှင့်အတူ ၀ုိင်းဝန်းဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရမိသူမှာ ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နေ ကျော်ဇင်ထက် ဖြစ်ကြောင်းသိရပြီး
လသာမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။