ဗုံးသီးဟောင်းတစ်ခု တွေ့ရှိ
အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က မင်္ဂလာဒုံမြို့နယ် ရွှေနံသာစံပြကျေးရွာ
ရှိ ငွေနံ့သာချောင်းထဲသို့ ခြံထွက်အမှိုက်များ စွန့်ပစ်ရန် သွားရောက်ခဲ့သူ သစ်ခွခြံအလုပ်သမား
ဒေါ်ပုလဲသည် ချောင်းစပ်တွင် ဗုံးသီးအဟောင်း တစ်လုံး တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့
အကြောင်းကြားခဲ့ရာ နယ်မြေခံရဲစခန်းက သွားရောက်စစ်ဆေးခဲ့သည်။
တွေ့ရှိသည့် ဗုံးမှာ အရှည်သုံးပေခန့်၊ လုံးပတ်နှစ်ပေခန့်၊ ထိပ်ချွန်၊ ဖင်ချွန် စစ်ကျန်ဗုံးသီးအဟောင်း
ဖြစ်ပြီး အမှတ် ၉၀၅ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းသို့ လွဲပြောင်းခဲ့သည်။
















