သန်လျင်မြို့နယ်နေ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စေတနာကျေးရွာနေ ဒေါ်မိစန်းက
တရုတ်ပြည်တွင် ယောကျ်ားယူပြီး ခြောက်လခန့် ပေါင်းသင်းပါက ကျပ် ၁၀ သိန်းခန့်ရရှိမည်ဟု
စည်းရုံးပြောဆိုခဲ့သဖြင့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဒေါ်မြင့် (စုံစမ်းဆဲ)နှင့်တွေ့ဆုံပြီး
မူဆယ်သို့ ထွက်ခွာခဲ့သည်ဟုဆိုသည်။
မူဆယ်ကားဂိတ်တွင် တရုတ်ပြည်၌နေထိုင်သူ မသီတာဦး(ခ)မသီတာက ရွှေလီသို့ ပို့ဆောင်ခဲ့
သည်။
စက်တင်ဘာ ၂၀ ရက်တွင် မသီတာဦးနှင့် ခင်ပွန်းဖြစ်သူ တရုတ်လူမျိုးတို့က ၎င်းအမျိုးသမီး
သုံးဦးကို တရုတ်နယ်စပ်ဘက်သို့ နှစ်ညအိပ် လိုက်ပို့ခဲ့ပြီး ၎င်းတို့ထဲမှ အမျိုးသမီးကို
တရုတ်အမျိုးသားက ၀ယ်ယူသွားခဲ့ရာမှ ရောင်းစားခံရမှန်းသိသဖြင့် ထွက်ပြေးခဲ့သည်။
ထို့နောက် တရုတ်ရဲများ၏ အကူအညီဖြင့် ရန်ကုန်သို့ အောက်တိုဘာ ၁၂ ရက်တွင်
ပြန်ရောက်ခဲ့ပြီး ဒေါ်မိစန်းပါ လေးဦးကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
















