စိန်နားကပ် ခိုးယူခံရမှု ဖြစ်ပွား

စိန်နားကပ် ခိုးယူခံရမှု ဖြစ်ပွား

လမ်းမတော်မြို့နယ် မဟာဗန္ဓုလမ်းရှိ စိန်ရတနာဆိုင်သို့ ယခုလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က
စင်ကာပူနိုင်ငံသား တရုတ်လူမျိုးဆိုသူ နှစ်ဦး ရောက်လာပြီး ကျပ်သိန်း ၁၉၀ တန်ဖိုးရှိ စိန်နားကပ်
ကို ကြည့်ရှုလိုကြောင်းပြောသဖြင့် ဆိုင်ဝန်ထမ်း အမျိုးသမီးက ပြသခဲ့သည်။

စိန်နားကပ်ကို လေးငါးကြိမ်ခန့် ကြည့်ရှုခဲ့ပြီး အခြားပစ္စည်းများကိုလည်း ကြည့်ရှုကာ မည်သည့်
ပစ္စည်းမှ ၀ယ်ယူခြင်း မရှိဘဲ ပြန်လည်ထွက်သွားခဲ့သည်။

၎င်းတို့ ပြန်ထွက်သွားပြီးနောက် ပစ္စည်းများကို ပြန်လည်စစ်ဆေးရာ စိန်နားကပ် ပျောက်ဆုံးနေပြီး
ဘူးခွံသာ တွေ့ရှိသဖြင့် အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

လမ်းမတော် မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။