သင်္ကန်းဝတ် အယောင်ဆောင် အလှူခံသူကို ဖမ်းဆီး
ကြည်မြင်တိုင်မြို့နယ်၊ အိုးဘိုရပ်ကွက်တွင် ယခုလ ၁၈ ရက်နေ့က ဗားကရာအုန်းငှက်ပျောတန်း
အောက်ရှိ အခပေး သန့်စင်ခန်းသို့ အရပ်ဝတ်ခေါင်းတုံးဖြင့် ၀င်ရောက်သွားပြီး ခဏအကြာ
သင်္ကန်းဝတ်ဖြင့် ပြန်ထွက်လာပြီး လိုက်လံ အလှူခံနေသူ တစ်ဦးကို ရဲတပ်ဖွဲ့ ၀င်များက
စစ်ဆေးခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်နေ အသက် ၃၃ နှစ်အရွယ် အောင်ရွှေ(ခ)နငယ်
ဖြစ်ကြောင်း သိရှိခဲ့သည်။
၎င်းသည် လွန်ခဲ့သော ခြောက်လခန့်မှ စတင်၍ သံဃာတစ်ပါးအသွင်ဆောင်ကာ
ရန်ကုန်မြို့အတွင်းသို့ လိုက်လံအလှူခံပြီး ကိုယ်ကျိုးအတွက် သုံးစွဲနေကြောင်း သိရသဖြင့်
ကြည့်မြင်တိုင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။
















