လမ်းမတော်တိုက်ခန်းမှ မိန်းကလေး တစ်ဦး ခုန်ချ

လမ်းမတော်တိုက်ခန်းမှ မိန်းကလေး တစ်ဦး ခုန်ချ

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်က လမ်းမတော်မြို့နယ် (၁၁)လမ်းရှိ မြေညီထပ်
တိုက်ခန်းထပ်ခိုးပေါ်မှ အသက် ၂၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ခုန်ချခဲ့ရာ ဒဏ်ရာများ
ရရှိသွားသည်။

ခုန်ချသူမှာ မော်လမြိုင်မြို့နေ မစုစုအောင် ဖြစ်ပြီး ၎င်းနေထိုင်သည့် အဆောင်ထပ်ခိုး တိုက်အမြင့်
၁၅ ပေခန့်မှ သေချင်တယ်ဟု ပြောဆိုကာ ခုန်ချခဲ့ခြင်းဖြစ်သည်။