ကနေဒါနိုင်ငံသူ ပိုက်ဆံအိတ် ပျောက်ဆုံး

ကနေဒါနိုင်ငံသူ ပိုက်ဆံအိတ် ပျောက်ဆုံး

အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က ကနေဒါနိုင်ငံသူ Shavonne Natesia Davis
သည် ကန်တော်ကြီး ပန်းကန်လုံးကျွန်းသို့ ရောက်ရှိစဉ် လူငယ် လေးဦးနှင့် မိတ်ဖွဲ့စကားပြောကာ
အပြန်အလှန် ဓာတ်ပုံရိုက်ကူးပေးနေစဉ် ၎င်း၏ ပိုက်ဆံအိတ် ပျောက်ဆုံးသွားသဖြင့်
မင်္ဂလာတောင်ညွန့်မြို့နယ်ရဲစခန်းသို့ လာရောက် တိုင်ကြားခဲ့သည်။

ရဲတပ်ဖွဲ့က ချက်ချင်းလိုက်လံစုံစမ်းရှာဖွေရာ ပန်းကန်လုံးကျွန်းသို့အဝင် အတွင်းဘက်
လျှောက်လမ်းပေါ်တွင် ပိုက်ဆံအိတ်ကို ပြန်လည်တွေ့ရှိသော်လည်း ကျပ် ၅၀,၀၀၀၊ ဂျပန်ယန်းငွေ
၅၅,၀၀၀၊ အမေရိကန် ၂၄ ဒေါ်လာ ထုတ်ယူထားပြီးဖြစ်ကြောင်းတွေ့ရသည်။

၎င်းက အမှုမဖွင့့်သော်လည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊
မင်္ဂလာတောင်ညွန့်မြို့နယ်ရဲစခန်းနှင့် ခရိုင်မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က ဆက်လက်စုံစမ်းမည်ဟု
ဆိုသည်။