လုပ်ငန်းခွင်တွင် ဘလောက်တုံးပိသေဆုံး

လုပ်ငန်းခွင်တွင် ဘလောက်တုံးပိသေဆုံး

လှိုင်မြို့နယ် ပြည်လမ်းပေါ်ရှိ ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် နို၀င်ဘာလ
၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က လူတစ်ဦး ဘလောက်တုံး ပိသေဆုံးမှု ဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ အင်ဂျင်နီယာ အသက် ၂၅ နှစ်ရှိ သူရအောင်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း
တစ်ခြားဝန်ထမ်းများနှင့်အတူ ပိုင်ရိုက်သည့် စက်များကို လိုက်လံစစ်ဆေးနေစဉ် ပိုင်ရိုက်စက်အနီး
အရောက် ၎င်းစက်ပေါ်တွင် တင်ထားသည့် ဘလောက်တုံးများ ပြိုကျလာသဖြင့် ရှောင်တိမ်းစဉ်
ခလုပ်တိုက်လဲကျခဲ့ရာက ဘလောက်တုံးပိ သေဆုံးခဲ့ခြင်းဖြစ်သည်။

လှိုင်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားသည်။