တစ်ရက်တည်းတွင် သေမှုသေခင်း ခြောက်မှု ရန်ကုန်၌ ဖြစ်ပွား

တစ်ရက်တည်းတွင် သေမှုသေခင်း ခြောက်မှု ရန်ကုန်၌ ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ငါးမြို့နယ်အတွင်း နို၀င်ဘာလ ၃ ရက်နေ့ တစ်နေ့အတွင်း
သေမှုသေခင်း ခြောက်မှု ဖြစ်ပွားခဲ့သည်။

နို၀င်ဘာလ ၃ ရက်နေ့ နံနက် ရ နာရီ ၅၀ ခန့်တွင် ကျောက်တန်းမြို့နယ် ဘန့်ဘွေးကုန်းဆည်
ထဲတွင် လူတစ်ဦး ရေနစ်သေဆုံးခဲ့ပြီး ထိုနေ့ နံနက် ၉ နာရီ ၂၀ အချိန်ခန့်ကလည်း
ကျောက်တန်းမြို့နယ် ဇွဲဘာကုန်းကျေးရွာ ချောင်းကမ်းစပ်တွင် အသက် ၂၅ နှစ်အရွယ်
အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။

နံနက် ၁၁ နာရီအချိန်၌လည်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင်လည်း
အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အဆိုပါနေ့ ညနေ ၃ နာရီခွဲခန့်တွင်
လှိုင်သာယာမြို့နယ်နေ ညောင်ကျေးရွာ မင်းကြီးလမ်းတွင် လူတစ်ဦး ဆွဲကြိုးချ သေဆုံးသည်။

အဆိုပါနေ့ မွန်းလွဲ ၃ နာရီ ၁၅ တွင်လည်း ရွှေပြည်သာမြို့နယ် ပြည်တော်သာပတ်လမ်း နေအိမ်
တစ်အိမ်တွင် အသက် ၂၀ အရွယ် လူငယ်တစ်ဦး ဆွဲကြိုးချ သေဆုံးခဲ့သည်။

“သုံးခွမြို့နယ် လက်ပံနန်းခလဲကျေးရွာတွင် အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦး
နေအိမ်ခန်းအတွင်း ပါးစပ်မှ အဝါရောင်အရည်များ စီးကျလျက် ပိုးသတ်ဆေးနံ့ရကာ
သေဆုံးခဲ့သည်။