ရန်ကုန်တိုင်းဒေသကြီးတွင် တရားခံပြေး ၂၆၁၉ ဦးရှိနေသေး

ရန်ကုန်တိုင်းဒေသကြီးတွင် တရားခံပြေး ၂၆၁၉ ဦးရှိနေသေး

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က တရားခံပြေး ၄၀၀ နီးပါးခန့်ဖမ်းဆီးရမိခဲ့ပြီး ကျန်ရှိနေ သည့်
တရားခံများဖမ်းဆီးဖော်ထုတ်ရန် ပြည်သူလူထု ပူးပေါင်း ပါ၀င်ရန်လိုအပ်ကြောင်း အရှေ့ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်ထွေးက အောက်တိုဘာလ ၅ ရက်နေ့၌ ပြောကြားသည်။

4" ရန်ကုန်တိုင်းဒေသကြီးမှာ တရားခံပြေး ၂၆၁၉ ဦးရှိတယ်။ တရားခံပြေးတွေကို စီမံချက် တစ်ခု
အနေနဲ့ရေးဆွဲပြီးတော့ဖမ်းဆီးနေတယ်။ တိုင်း၊ခရိုင်၊မြို့နယ်အလိုက် အဆင့်ဆင့် တွန်းအားပေးပြီး
ဖမ်းဆီးဖို့ဆောင်ရွက်နေတယ်။ ပြည်သူတွေအနေနဲ့ မိမိတို့ပတ်ဝန်းကျင်မှာ တရားခံပြေးတွေလာ
ရောက်တိမ်း ရှောင်နေတာသိရှိလာခဲ့ရင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို အကြောင်းကြားဖို့ တိုက်တွန်း
ပါတယ်။ အခုတရားခံပြေးတွေကို ငါးဆယ်ရာခိုင်နှုန်း လျော့ချဖို့အတွက် ဖမ်းဆီးဖို့အတွက်ကို စီမံ
ချက် တွေဆောင်ရွက်ထားပါတယ်။ အောက်တိုဘာ၊နို၀င်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ၂၅ ရာခိုင်နှုန်း၊ ဇန်နဝါရီ၊ဖေဖော်ဝါရီမှာ နှစ်ဆယ်ငါးရာခိုင်နှုန်းဖမ်းဆီးနိုင်ဖို့အတွက်ကိုစီစဉ်ထားပါတယ်။ တရားခံ
ပြေးစာရင်းတွေကို တစ်နေရာနဲ့တစ်နေရာစာရင်းဇယားတွေကယ်ရီရိုက်လာတာတွေကိုစီစစ်တွက်
ကြည့်လိုက် ရင် အယောက်နှစ်ထောင်ကျော်လောက်ပဲရှိတော့တယ်။ လက်ရှိ သုံးရာကျော်နဲ့လေး
ရာ နီးပါးလောက် ဖမ်းဆီးပြီးသွားပြီ။ တစ်ချို့တရားခံပြေးတွေက သေတာနဲ့တရားရုံးတွေမှာ ရင်ဆိုင်
နေရတဲ့သူတွေလည်းရှိပါတယ်" ဟု ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းတွင် ရပ်မိရပ်ဖများ နှင့်
တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

" ရဲတပ်ဖွဲ့တစ်ဦးက ပြည်သူလူထု ၁၃၅၆ ဦးကိုထိန်းနေရတဲ့အနေထားမျိုး ဖြစ်တဲ့အတွက် ကြောင့်
ရပ်မိရပ်ဖတွေအနေနဲ့ ကိုယ်ရဲ့ရပ်ကွက်အတွင်းမှာ မလိုလားအပ်တဲ့ဆူပူမှုတွေ ဖြစ်ပေါ်ခဲ့မယ်ဆိုရင်
ပြဿနာမကြီးထွားခင်မှာ သက်ဆိုင်ရာရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖို့ကို တိုက်တွန်းပါတယ်။ နောက်ဆုံး
ကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်းအရ ပြည်သူလူထု ရ ဒသမ ၃ သန်းကျော်ရှိတဲ့ အတွက်ကြောင့်
ရဲတစ်ယောက်ဟာ ပြည်သူ ၁၃၅၆ ဦးကိုထိန်း နေရပါတယ်။ ဖွဲ့စည်းပုံအရ ရန်ကုန်တိုင်းဒေသကြီး
မှာ ရဲတပ်ဖွဲ့ဝင် ရ၇၂၈ ဦးရှိပေမယ့် လက်ရှိ ၅၃၄၈ ဦးနဲ့လည်ပတ်နေတယ်" ဟု သင်္ဃန်းကျွန်းမြို့မ
ရဲစခန်းတွင် ရပ်မိရပ်ဖများ နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။