အရက်ဖိုးမပေးသဖြင့် မိခင်ဖြစ်သူကို တုတ်ဖြင့်ရိုက်
ကျောက်တန်းမြို့နယ် ခနောင်ကျေးရွာနေ လေဖြတ်ကာ အိပ်ရာထဲလဲနေသူ အသက် ၅၂ နှစ်
အရွယ် ဒေါ်ခင်မာဝေကို သားဖြစ်သူက တုတ်ဖြင့် ရိုက်သဖြင့် သေဆုံးသွားကြောင်း သိရသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ရ နာရီခွဲခန့်က သားဖြစ်သူ အသက် ၁၉ နှစ်အရွယ်
ဝေလင်းထွန်း(ခ)ရာဇာက အရက်သောက်ရန် ပိုက်ဆံတောင်းရာ မပေးသဖြင့် လက်သီးနှင့် ထိုး၊
တုတ်နှင့် ရိုက်ရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။
















