အေတီအမ်စက် ကတ်အတုဖြင့် ငွေထုတ်
နို၀င်ဘာလ ၂၃ ရက်နေ့ သန်းခေါင်ကျော် နံနက် ၁ နာရီ ၃၅ မိနစ်ခန့်တွင် ကမ္ဘောဇဘဏ်ရုံးချုပ်
ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ဆွေဇင်ဝင်းက သက်ဆိုင်ရာသို့ တိုင်ကြားရာတွင် နို၀င်ဘာလ
ဆန်းပိုင်းမှ စတင်၍ ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများရှိ အေတီအမ်စက်များတွင် ငွေထုတ်ကတ်
အတုများ အသုံးပြု၍ ငွေများခိုးထုတ်လျက်ရှိကြောင်း သတင်းအရ စီစီတီဗီကင်မရာများ
တပ်ဆင်စောင့်ကြည့်ခဲ့သည်။
နို၀င်ဘာလ ၁၅ ရက်နေ့ ညပိုင်း၌ ဗိုလ်တထောင်မြို့နယ်ရှိ ကမ္ဘောဇဘဏ်၏ ငွေထုတ်စက်မှ
ငွေကျပ် ကိုးသိန်းကို ကျပ် သုံးသိန်းစီ သုံးခါခွဲ၍ အသက် ၂၈ နှစ်အရွယ် နိုင်ငံခြားသားတစ်ဦးက
ထုတ်ယူသွားသည်ကို စုံစမ်းသိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ဗိုလ်တထောင်မြို့မရဲစခန်းက(ပ)၁၆၆/၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/၄၆၈ အရ အမှုဖွင့် စုံစမ်းလျက်ရှိသည်။
















