မရမ်းကုန်းတွင် ကြက်တိုက်လောင်းကစားသူများ ဖမ်းမိ

မရမ်းကုန်းတွင် ကြက်တိုက်လောင်းကစားသူများ ဖမ်းမိ

နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မရမ်းကုန်းမြို့မရဲစခန်းက ဒုရဲမှူး ဇော်ဇော်ထွေးနှင့်
အဖွဲ့သည် အမှတ်(၉) ရပ်ကွက်၊ ရေကူးရွာမလမ်း၊ အမက(၆)ကျောင်းဘေး ခြံဝင်းအတွင်း
ကြက်တိုက် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့သည်။

အဆို့ပါနေရာတွင် မရမ်းကုန်းမြို့နယ်နေ ဇော်နိုင်ဦး(၂၇ နှစ်)၊ သောင်းထိုက်(၄၄ နှစ်)၊ စည်သူထွန်း
(၃၀ နှစ်)၊ ကျော်လှိုင်(၅၆ နှစ်)၊ ကြည်လွင်(၅၀ နှစ်)၊ ထွန်းကို (၂၁ နှစ်)၊ ကံစိန်(၄၈ နှစ်)၊ စိုးမြင့်ဦး
(၄၈ နှစ်) နှင့် ၀င်းမောင်(၇၆ နှစ်)တို့ကို လောင်းကစားရာတွင် အသုံးပြုသည့် တိုက်ကြက်ဖ
ခုနစ် ကောင်၊ လက်ကိုင်ဖုန်း ရှစ်လုံး၊ ကြက်တိုက်ရာတွင် သုံးပြုသည့် ပစ္စည်းများနှင့်အတူ
တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး အရေးယူပေးရန် တိုင်ကြားခဲ့သည်။

မရမ်းကုန်းမြို့မရဲစခန်းက(ပ)၇၇၉/၁၄ လောင်းကစား ပုဒ်မ ၁၂ (က) အရ အမှုဖွင့်
အရေးယူထားသည်။