တရားမဝင် ရွှေတုံးများ လေဆိပ်တွင် ဖမ်းဆီးရမိ

တရားမဝင် ရွှေတုံးများ လေဆိပ်တွင် ဖမ်းဆီးရမိ

နို၀င်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
အကောက်ခွန်ဦးစီးဌာနက အကောက်ခွန်မှူး ဦးစည်သူကျော် သည် လေဆိပ်ပြည်ပထွက်ခွာဌာနရှိ
Main Gate X-Ray တွင် တာဝန်ထမ်းဆောင်နေစဉ် ရန်ကုန်မှ အိန္ဒိယနိုင်ငံသို့ လေယာဉ်အမှတ်
အေ ၂၂၈ ဖြင့်လိုက်ပါမည့် မြန်မာနိုင်ငံသား လာစ်ဗျက်ထန်းငါ (၂၉ နှစ်)၏ ခရီးဆောင်အိတ်ကို
အိပ်စရေးစက်ဖြင့် ဖြတ်သန်းစဉ် သံသယပုံရိပ်တွေ့ရှိသဖြင့် အကောက်ခွန်ရုံးခန်းသို့
ခေါ်ယူစစ်ဆေးခဲ့သည်။

အဆိုပါ ခရီးဆောင်အိတ် လက်ကိုင်သံကိုင်းအတွင်း ခဲဖြင့်ပတ်၍ ခွင့်ပြုချက်မရှိဘဲ လျှို့ဝှက်
သယ်ဆောင်လာသည့် ၁၀ ကျပ်သားခန့်ရှိ ရွှေတုံးလေးတုံးကို ရှာဖွေတွေ့ရှိသဖြင့်
အရေးယူပေးရန် တိုင်ကြားခဲ့သည်။

မင်္ဂလာဒုံမြို့မရဲစခန်းက(ပ)၅၀၅/၁၄၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ အမှုဖွင့်
အရေးယူထားသည်။