ထိုင်းသို့ တရားမဝင်လူပို့သူများကို ထောင်ဒဏ် ၁၅ နှစ်ချ

ထိုင်းသို့ တရားမဝင်လူပို့သူများကို ထောင်ဒဏ် ၁၅ နှစ်ချ

အမျိုးသား ၂၀ ဦးကို ထိုင်းနိုင်ငံရှိ စက်ရုံတစ်ခုသို့ တရားမဝင်ပို့ဆောင်ခဲ့ပြီး လုပ်ခများကို
ခေါင်းပုံဖြတ်ခဲ့သဖြင့် မဝင်းသန္တာအောင်(ခ)မသန္တာကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ
ပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ
ပုဒ်မ ၂၅ အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ် ဖြင့် ပြစ်ဒဏ်နှစ်ရပ်ကို တစ်ပေါင်းတည်း ကျခံစေရန်
အရှေ့ပိုင်းခရိုင်တရားရုံးက နိုဝင်ဘာလ နောက်ဆုံးပတ်တွင် အမိန့်ချခဲ့ပြီး အမှုဖြင့်တိမ်းရှောင်နေသူ
ဒေါ်သဲသဲဝင်း(ခ)ဒေါ်သက်သက်ဝင်းနှင့် မစုမာတို့ကို တရားခံပြေးအဖြစ် ကြေညာခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက မြောက်ဥက္ကလာပမြို့နယ်နေ ကိုစိုးသီဟအောင်ပါ ၁၀ ဦးကို
မြောက်ဥက္ကလာပမြို့နယ်နေ မဝင်းသန္တာနှင့် ၎င်းမိခင် ဒေါ်သက်သက်ဝင်းတို့က မြဝတီမြို့တွင်
အလုပ်လုပ်မည်ဆိုပါက တစ်လလျှင် ကျပ် သုံးသိန်း ရရှိမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးခဲ့ကာ
ထိုင်းနိုင်ငံ ကန်ချာနာပူရီခရိုင်ရှိ ၀ုိင်တဖုစက်ရုံသို့ တရားမဝင် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။