မွေးကင်းစအလောင်း စွန့်ပစ်သူကို အရေးယူ

မွေးကင်းစအလောင်း စွန့်ပစ်သူကို အရေးယူ

ယခုလ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ် အချိန်ခန့်က လှိုင်သာယာမြို့နယ် (၁၅) ရပ်ကွက်
သာယာဝတီလမ်းထိပ်တွင် မွေးကင်းစ ယောက်ကျားကလေးအလောင်း နှစ်လောင်း စွန့်ပစ်မှု
ဖြစ်ပွားခဲ့သည်။

စွန့်ပစ်သူမှာ လှိုင်သာယာမြို့နယ်နေ (၁၅) ရပ်ကွက်နေ မင်းဇော်ဦးဖြစ်ပြီး ယခုလ ၁၅ ရက်နေ့
ည ရ နာရီခွဲအချိန်ခန့်က ဇနီးဖြစ်သူနေအိမ်တွင် မီးဖွားစဉ် သုံးမြွှာပူးဖြစ်နေပြီး နှစ်ဦး
သေဆုံးနေသဖြင့် စွန့်ပစ်ခဲ့ခြင်းဖြစ်ကာ လှိုင်သာယာမြို့မရဲစခန်းက အရေးယူထားသည်။