ဆောက်လက်စတိုက်မှ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံး
လှိုင်သာယာမြို့နယ် ပဒေသာပင်အိမ်ရာဝင်း အတွင်းရှိ ဆောက်လက်စတိုက် တစ်လုံးတွင်
ယခုလ ၁၅ ရက်နေ့က ပထမထပ်ကြမ်းခင်းလောင်းရန် ပြင်ဆင်နေစဉ် အလုပ်သမားတစ်ဦးဖြစ်သူ
ဒဂုံမြောက်ပိုင်းမြို့နယ်နေ အသက် ၂၁ နှစ်ရှိ ရန်နိုင်အေးမှာ အမြင့် ၁၀ ပေခန့်မှ ပြုတ်ကျခဲ့သည်။
ပြုတ်ကျသည့် အရှိန်ကြောင့် ဒဏ်ရာများ ရရှိကာ ဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခဲ့သည်။
လှိုင်သာယာမြို့မရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်ထားသည်။
















