အမျိုးသမီးကြီးတစ်ဦး အသတ်ခံရ

အမျိုးသမီးကြီးတစ်ဦး အသတ်ခံရ

မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်း ရပ်ကွက်၊ ၁၂၃ လမ်း၊ အမှတ်၂၄၊ တိုက် လေးလွှာတွင်
နေထိုင်သော အသက် ရ၀ နှစ်ရှိ ဒေါ်မာဘီယာမှာ နေအိမ်ခန်းအတွင်း လက်နှစ်ဖက်
ကြိုးတုပ်ခံထားရပြီး ဒဏ်ရာရရှိကာ သေဆုံးနေကြောင်း သတင်းအရ မင်္ဂလာတောင်ညွန့်မြို့နယ်
ရဲတပ်ဖွဲ့က ယခုလ ၃ ရက်နေ့ ညနေတွင် သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူ ၀တ်ဆင်ထားသော ဆွဲပြားပါ ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေလက်ကောက် နှစ်ကွင်းနှင့်
အလေးချိန် တစ်မတ်သားခန့်ရှိ ရွှေလက်စွပ် တစ်ကွင်း တို့မှာလည်း ပျောက်ဆုံးနေသဖြင့်
မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၂/၃၉၂ အရ အမှုဖွင့် စုံစမ်းလျက်ရှိသည်။