လှိုင်သာယာ၌ မုဒိမ်းမှုဖြစ်ပွား

လှိုင်သာယာ၌ မုဒိမ်းမှုဖြစ်ပွား

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ်နေ အမျိုးသမီးတစ်ဦးသည်
ရည်းစားဖြစ်သူနှင့်အတူ ခိုးရာလိုက်ရန်အတွက် နေအိမ်မှ ထွက်လာခဲ့ရာ လှိုင်သာယာ
ဗိုလ်ချုပ်လမ်းထိပ်အရောက် ရည်းစားဖြစ်သူက မလာနိုင်ကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့်
လမ်းဘေးတွင် ထိုင်နေစဉ် လူတစ်ဦးက ခြိမ်းခြောက်ပြီး ဆောက်လုပ်ရေးဝင်းအတွင်းသို့
အတင်းဆွဲခေါ်ကာ လူမရှိသော အုတ်တံတိုင်းဘေးတွင် သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု
ဆိုသည်။

ထိုသို့ပြုကျင့်သူမှာ လှိုင်သာယာမြို့နယ်နေ အသက် ၄၃ နှစ်ရှိ စိုးသိန်း ဖြစ်သည်ဆိုကာ
တိုင်ကြားခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ထားသည်။