ရွှေတိဂုံ၌ တရားမဝင်အလှုခံသည့် ရဟန်းများကို ဖမ်းဆီး

ရွှေတိဂုံ၌ တရားမဝင်အလှုခံသည့် ရဟန်းများကို ဖမ်းဆီး

ရွှေတိဂုံစေတီတော် စောင့်ရှောက်ရေး သံဃာတော်များအဖွဲ့သည် စေတီတော် ရင်ပြင်ပေါ်၌
လှည့်လည် စစ်ဆေးစဉ် ခွင့်ပြုချက်မရှိဘဲ တရားမဝင် အလှူခံ ဆောင်ရွက်နေသည့်
ရဟန်း ကိုးဦးကို ယခုလ ၄ ရက်နေ့က တွေ့ရှိသည့်အတွက် ဖမ်းဆီးခဲ့သည်။

ထို့နောက် ယခုလ ၅ ရက်နေ့တွင် သာသနာညှိုးနွမ်းစေမှု ၂၉၅(က)ဖြင့် ဒဂုံမြို့နယ်တရားရုံးတွင်
ဦးတိုက်လျှောက်ထား အမှုဖွင့်ခဲ့ရာ တရားရုံးက လက်ခံစစ်ဆေးပြီး အင်းစိန်အကျဉ်းထောင်သို့
ပို့ဆောင်ထိန်းသိမ်းထားသည်။