ယာဉ်စာရွက်စာတမ်းများ ပြင်ဆင်ထားမှု ဖမ်းမိ

ယာဉ်စာရွက်စာတမ်းများ ပြင်ဆင်ထားမှု ဖမ်းမိ

ယခုလ ၉ ရက်နေ့က ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်တွင်
သက်ဆိုင်ရာက ယာဉ်စစ်ဆေးနေစဉ် အင်းလျားလမ်းမှ ကုက္ကိုင်းလမ်းသို့ မောင်းနှင်လာသည့်
ကြည့်မြင်တိုင်မြို့နယ်နေ ယာဉ်မောင်း အောင်မြင့်ထွန်း(စုံစမ်းဆဲ) မောင်းနှင်လာသည့်
တိုယိုတာမတ်တူးစလွန်း အနက်ရောင်ယာဉ်မှာ ပါ၀ါအိတ်ဇော တပ်ဆင်မောင်းနှင်လာကြောင်း
တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။

ယာဉ်နှင့် ပတ်သက်၍ သက်သေခံလက်မှတ်တို့ကို ကညနသို့ ပေးပို့စစ်ဆေးခဲ့ရာ
မှတ်ပုံတင်လက်မှတ်တွင် ယာဉ် အမှတ်နှင့် အခြားအချက်အလက်များ ပြင်ဆင်ထားကြောင်း
တွေ့ရှိသဖြင့် ယခုလ ၁၅ ရက်နေ့တွင် ဗဟန်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။