မွေးကင်းစကလေးအလောင်း စွန့်ပစ်ထားမှုဖြစ်ပွား

မွေးကင်းစကလေးအလောင်း စွန့်ပစ်ထားမှုဖြစ်ပွား

ယခုလ ၁၅ ရက်နေ့ နံနက် ရ နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာမြို့နယ် အမှတ်(၇) ရပ်ကွက်
သစ္စာလမ်းတွင် မွေးကင်းစကလေးအလောင်း စွန့်ပစ်ထားကြောင်း သတင်းအရ ရဲတပ်ဖွဲ့က
သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စုံစမ်းချက်အရ သစ္စာလမ်းနေ အိမ်နောက်ဖေးလမ်းကြား စည်ပင်ရေမြောင်းအတွင်း
အမှိုက်များပေါ်တွင် ကိုယ်ဝန် လေးလခန့်ရှိ ယောကျ်ားလေးသန္ဓေသားလောင်းကို တွေ့ရှိခဲ့သည်။

အလောင်းကို လှိုင်သာယာဆေးရုံသို့ ပို့အပ်ခဲ့ပြီး လှိုင်သာယာမြို့မရဲစခန်းက
အမှုဖွင့်အရေးယူထားသည်။