နေအိမ်ဖယ်ရှားခိုင်သူများ ၀ိုင်းဝန်း ရိုက်နှင်းခံရ
မြောက်ဥက္ကလာပမြို့နယ် (ခ)ရပ်ကွက် မြရတနာ (၃)လမ်းရှိ နှစ် ၆၀ မြေငှားရမ်း ဂရန်မြေနှင့်
မြေပေါ်ပါ အဆောက်အအုံကို တရားနိုင်ထံ လက်ရောက်ပေးအပ်ရန်အတွက် မတ်လ ၆ ရက်နေ့
နံနက် ၁၁ နာရီ ၁၅ အချိန်တွင် မြို့နယ်တရားရုံး ဘီလစ်စာရေး ဒေါ်သူဇာနှင့် သက်ဆိုင်ရာ
ပူးပေါင်းအဖွဲ့က အပ်ဝရမ်း အတည်ပြုဆောင်ရွက်နိုင်ရန် (ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးသိုက်ထွန်းနှင့်အတူ ၀င်ရောက်ဖယ်ရှားရန် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်စဉ် အိမ်ရှိ မိသားစု ရှစ်ဦးခန့်က တုတ်များဖြင့် ၀ုိင်းဝန်းရိုက်နှက်ခဲ့သောကြောင့်
ဦးတင်ထွန်းနှင့် ဦးမြင့်ထွန်းတို့မှာ ဒဏ်ရာများ ရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံတွင်
တက်ရောက်ကုသခဲ့ရသည်။
ထို့ကြောင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့သူများကို မြောက်ဥက္ကလာပမြို့မရဲစခန်းက အမှုဖွင့်
အရေးယူထားသည်။
















