တရားမဝင် ကျွဲနွားများ တင်ဆောင်လာသည့်လှေ ဖမ်းမိ

တရားမဝင် ကျွဲနွားများ တင်ဆောင်လာသည့်လှေ ဖမ်းမိ

ဧရာဝတီရေတပ်စခန်းဌာနချုပ် တာဝန်ယူထားရသည့် ရေပိုင်အနက်အတွင်း မတ်လ ၈ ရက်နေ့
နံနက် ၆ နာရီခန့်တွင် အမည်မရှိ သစ်သားလှေတစ်စီး မသင်္ကာဖွယ် ဖြတ်သန်းသွားလာနေသဖြင့်
စစ်ဆေးရန် ခေါ်ယူသော်လည်း မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ
ကွမ်းခြံကုန်းမြို့နယ်နေ ဦးအောင်ကြည်(၅၃ နှစ်)၊ ဦးခင်ဝင်း(၅၈ နှစ်)၊ ဦးသန်းဌေး(၃၆ နှစ်)၊
ဦးမြငြိမ်း(၆၁ နှစ်)တို့အား ဖမ်းဆီးရမိခဲ့သည်။

သစ်သားလှေပေါ်တွင် နွားအရှင် ခုနစ်ကောင်၊ အသေ ငါးကောင်နှင့် ကျွဲ လေးကောင်ကို
တွေ့ရသဖြင့် ဆိပ်ကမ်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားသည်။