စိတ်ကြွဆေးပြားများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

စိတ်ကြွဆေးပြားများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

နတ်မောက်ရပ်ကွက် ဖိုးစိန်လမ်းရှိ အိုအေစစ် တည်းခိုခန်းရှေ့တွင် ကရီနား ယာဉ်တစ်စီးကို
မတ်လ ၈ ရက်နေ့က စစ်ဆေးခဲ့ရာ ပန်းဘဲတန်းမြို့နယ်နေ အောင်ဖြိုးထိုက်(၂၈ နှစ်)နှင့်
ဗိုလ်တထောင်မြို့နယ်နေ မျိုးထွန်းအောင် (၂၉ နှစ်)တို့ကို စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ကျော်၊
အိုင်စီအီးဟု ယူဆရသည့် အကြည်ရောင် အခဲမှုန့် ၁၀၆ ဂရမ်နှင့် ရှစ်ဂရမ်ပါ တစ်ထုပ်၊
ဆေးခြောက်ဟု ယူဆရသည့် အရွက်ခြောက် တစ်ထုပ်၊ ဆေးခြောက်ထည့်ထားသည့်
ဆေးပေါ့လိပ် နှစ်လိပ်အပြင် အခြားပစ္စည်းများအတူ ဖမ်းမိခဲ့သည်။

ဆက်လက်စစ်ဆေးချက်အရ ၎င်းတို့ တည်းခိုနေသည့် ဒေါပုံမြို့နယ်ရှိ တည်းခိုခန်းရှိ အခန်းတွင်
မဇွန်ပွင့်ဖြူ (၂၀ နှစ်)အား မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းကရိယာများနှင့်
တွေ့ရှိသိမ်းဆည်းမိခဲ့သည်။

၎င်းတို့အား သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့်အရေးယူထားသည်။